အလွမ်းမြို့သီချင်းဘလော့သို့ လာရောက်လည်ပတ်ကြသော မောင်နှမများအား အထူးတောင်းပန် အပ်ပါတယ်။ ဒီနေ့ ၁၄ရက် စက်တာဘာမှာ ကျမနားနေရက်မို့ နေ့ခင်းဘက် ရာသီဥတုကလည်းအေး တစ်ယောက်ယောက်ကို လွမ်းနေတဲ့စိတ်ကလည်း တွန်းအားပေးနေတာမို့ ကျမသီချင်းဘလော့လေး ဖွင့်ပြီး သီချင်းနားထောင်ခဲ့ပါတယ်။
နေ့ခင်းဘက် ၂ နာရီလောက်တော့ နားထောင်နေတဲ့ ပလေယာလေးကို အသစ်တစ်ခုထပ်ဖွင့်မယ်ဆိုပြီး ဘလော့ရှိပင်မစာမျက်နှာကို နှိပ်သော် ပထမ ကျမဖွင့်ထားသော စာမျက်နှာမဟုတ်ဘဲ ဘလော့ ပျက်နေပါတယ်။ တန်းပလိပ် တွေအသစ်လဲ ဘက်ကပ်လုပ် ဘလော့စကင်ဖတ် မဲဝဲစစ် မျိုးစုံလုပ်ပေမဲ့ ကျမဘလော့လေးက တကယ့် ယိုယွင်းပျက်စီးပြီး အစီစဉ်အကျ ဖြစ်နေခဲ့တာမို့ လာလည်သော မောင်နှမများ အားပေးသောစကားသံအပါအဝင် စီပုံနဲ့ တစ်ခြားသော အရာများ အကုန်ဖြုတ်ထားပါတယ်။
ကျမကိုယ်တိုင်က ဘာမှမတတ်တော့ အခက်တွေ့ပါတယ်။ တစ်ဖြေးဖြေးပြန်လည်ကြိုးစား ပြင်ပြီး စီပုံကို
ပြန်လည်တပ်ဆင်ပေးသွားပါမယ်လို့ အထူးမေတ္တာရပ်ခံ အပ်ပါတယ်။
လောလောဆယ်တော့ သီချင်းနားထောင်ချင်သူတွေအတွက်ဘဲ သီချင်းနားထောင်လို့ရအောင် စီစဉ်ထားခဲ့ပါတယ်။ တစ်နေ့လုံးလည်း ဘာမှလုပ်လို့မရဘူး ဒီလေးနဲ့ နပန်းလုံးရတယ်။
အားလုံးနားလည်ပေးကြပါလို့ အထူးတောင်းပန်ချင်ပါတယ်။